Pages

Tuesday, January 21, 2014

ကမန် အစစ်များ၏ လူဦးရေ စာရင်း စတင်ကောက်ယူ



မာန်ယုကျော် (ရွှေဝမြေ)


ရန်ကုန် ၊ ဇန်န၀ါရီ ၂၀ ။ ။ မြန်မာ နိုင်ငံရှိ ကမန်အစစ်များ၏ လူဦး ရေအတိအကျကိုရယူနိုင်ရန် စစ်တမ်းများ စတင်ကောက် ခံ နေပြီဖြစ်ကြောင်း ကမန်အမျိုး သားတိုးတက်ရေးပါတီ၏
အ ထွေထွေအတွင်းရေးမှူး ဦးတင် နိုင်ဝင်းက ပြောသည်။

ရန်ကုန်နှင့် ရခိုင်ပြည်နယ် တွင်ရှိကြသည့် ကမန်လူဦးရေ စာရင်းအတိ အကျရရှိစေရန် ကမန်လူဦးရေစာရင်း ကောက် ခံရေးဆပ်ကော်မတီတစ်ခုကို ကမန်အမျိုးသားပါတီက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ရက်တွင် ဖွဲ့ စည်းခဲ့ပြီး ဒီဇင်ဘာ ၃၀ရက်မှ စတင်ကာ စာရင်းကောက်ခံခဲ့ ကြောင်း သိရသည်။

““ခန့်မှန်းခြေအားဖြင့် ရန် ကုန်နဲ့ ရခိုင်ပြည်နယ်မှာ ကမန် ဦးရေ ငါးသောင်းလောက်ရှိ မယ်လို့ ခန့်မှန်းရတယ်။ အတိ အကျတော့ ပြော လို့မရသေး ဘူး။ လက်ရှိမှာ ကျွန်တော်တို့ တစ်သောင်းလောက်တော့ ကောက် ခံရရှိနေပြီ””ဟု ဇန်န၀ါ ရီ ၁၈ရက်က တာမွေမြို့နယ်ရှိ ကမန်အမျိုးသားပါတီရုံး၌ပြုလုပ်သော ကမန်များနှင့် ရခိုင် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံပွဲတွင် အဆိုပါ ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်ဝင်းက ပြောသည်။

ကမန်များအနေဖြင့် ဗုဒ္ဓ ဘာသာဝင်များ မဟုတ်ကြသော် လည်း ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ ကမန်နှင့် မရမာကြီး စသည့်ရခိုင်တိုင်းရင်းသားမျိုး နွယ် စုဝင်များတွင် သမိုင်းကြောင်း အရဖြစ်တည်လာခဲ့သည်ကို သံ သယမဖြစ်စေရန် အ တွက် ယခု ကဲ့သို့ကောက်ခံရန် စီစဉ် ရခြင်း ဖြစ်ပြီး ကောက် ခံ ရရှိလာသည့် ကမန်အစစ်များ၏ ဦးရေစာရင်း များကို သက်ဆိုင်ရာအစိုးရအ ဆင့်ဆင့်ထံ တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။



““ခိုးဝင်လာတဲ့ဘင်္ဂါလီတွေ က ပထမတော့ ရိုဟင်ဂျာဆိုပြီး တောင်း ဆိုတယ်။ ရိုဟင်ဂျာဟာ အခြေအနေ မကောင်းတဲ့အခါ ကမန်ထွက်ပေါက်ကနေ၀င်ပြီး အားလုံး ကမန်၊ ကမန်၊ ကမန်နဲ့ လုပ်လာတဲ့အခါ တကယ်ကမန် အစစ်တွေ အရမ်းနစ်နာတယ်။ ကမန်နစ်နာသလို ရခိုင်တိုင်းရင်း သားတွေလဲ နစ်နာတယ်”” ဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န် ကြီး ဦးဇော်အေးမောင်က ပြော သည်။

ထို့ကြောင့် လက်ရှိရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ရခိုင်နှင့် ကမန် များ ပူးပေါင်းဖြေရှင်းမှ သင့် တော်မည်ဖြစ်ပြီး ယင်းသို့ ပူး ပေါင်းရာတွင် ကမန်များအနေ ဖြင့် ရခိုင်တိုင်းရင်းသားများအ ပေါ် သစ္စာရှိရန်လိုကြောင်း ၀န် ကြီး ဦးဇော်အေးမောင်က ပြော ကြားခဲ့သည်။

ယခုကဲ့သို့ ကမန်အစစ် များ၏ လူဦးရေစာရင်းကောက် ခံခြင်းကို သုံးလအတွင်း အပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


Yangon Media Group

0 comments: