Pages

Thursday, January 30, 2014

ရခိုင်တွင် အခြေအမြစ် မရှိသည့် သတင်းထုတ်ပြန်မှုများ အဖြစ်မှန်ပေါ်ပေါက်လျှင် ပြည်သူက ခွင့်လွှတ်မည် မဟုတ်ဟု ပြည်ထဲရေးဝန်ကြီးပြော

30.1.2014

ရန်ကုန် ။ ။ ရခိုင်တွင် အခြေအမြစ်မရှိသည့် သတင်းထုတ်ပြန်မှု များကြောင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေ သဖြင့် အဖြစ်မှန်ပေါ်ပေါက် လာပါက ဒေသခံပြည်သူများက ခွင့်လွှတ်မည် မဟုတ်ကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြော ကြားလိုက်သည်။

ဇန်န၀ါရီ ၂၈ ရက် နိုင်ငံခြားရေးရုံးတွင်ကျင်းပ သည့် ရခိုင်ပြည်နယ် ဒုချီးရားတန်းဖြစ်စဉ် နှင့် ပတ်သက်ပြီး နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ““အဖွဲ့အစည်းတွေအနေနဲ့ သတင်းများ ထုတ်ပြန်တဲ့အခါမှာ လုံလောက် ခိုင်မာတဲ့ အချက်အလက်များ အပေါ်မူ တည်ပြီး ထုတ်ပြန်သင့်ပါတယ်။ သတင်းအခြေ အမြစ်မရှိတဲ့ ထုတ်ပြန် ချက်တွေဟာ အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တရားဥပဒေ စိုးမိုးရေး ကို အဟန့်အတားဖြစ်ပြီး ထိခိုက်စေနိုင်တဲ့အတွက် အဖြစ်မှန်ပေါ်ပေါက် လာပါက ဒေသခံပြည် သူတွေက ခွင့်လွှတ်နိုင်မှာမဟုတ် ပါဘူး””ဟု ပြောကြား ခဲ့သည်။

ဒုချီးရားတန်းကျေးရွာသို့ ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် တပ်ကြပ်ကြီး တစ်ဦး ပျောက် ဆုံးမှုကြောင့် ဒုချီးရားတန်းကျေးရွာရှိ ရွာသား ၄၀ ဦးအား သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာသတင်း ဌာနတချို့တွင်ဖော်ပြခဲ့ ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်းဖိအားပေးမှုများရှိခဲ့ကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်က ““အေပီသတင်းဌာနကို ဒီမှာရုံးခွဲဖွင့် လှစ်ခွင့်ပေးခဲ့တာဟာ မြန်မာနိုင်ငံရဲ့ သတင်းတွေကို မှန်မှန် ကန်ကန် ရေးနိုင်အောင်ဖြစ် ပါတယ်။ ခုလိုသတင်းမျိုးကို သက်ဆိုင်ရာကို အတည် မပြုဘဲ ရေးခဲ့တဲ့အတွက်ကြောင့် အဲဒီဒေသမှာ တင်းမာမှုတွေမြင့် တက် လာတယ်””ဟု ပြောသည်။


တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကို ဥပဒေမဲ့တိုက်ခိုက်နှောင့် ယှက်ခြင်း သည် အကြမ်း ဖက်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့်အတွက် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမဆို လက်ခံနိုင်မည်မဟုတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြား ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် ပြစ်မှုကျူးလွန်သူ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပြစ်မှုမျိုးကိုမဆို ကျူးလွန်ကြောင်းခိုင်လုံ ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တည်ဆဲဥပဒေများအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ယင်းကဆက် လက်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာတွင် ဘင်္ဂါလီရွာသား ၄၀ ဦးခန့်အသတ်ခံရကြောင်း နိုင်ငံတကာ သတင်းဌာန တချို့၏ ဖော်ပြမှုသည် ယင်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦး တိုက် ခိုက်သတ်ဖြတ် ခံရသည့်ကိစ္စအား တိမ်မြှုပ်သွားအောင် ပြု လုပ်ခြင်းဖြစ်ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇန်န ၀ါရီ ၂၈ ရက် နိုင်ငံခြားရေး ရုံးတွင် ကျင်းပသည့် ရခိုင်ပြည်နယ် ဒုချီးရား တန်းဖြစ်စဉ်နှင့် ပတ် သက်ပြီး နိုင်ငံတ ကာသံတမန်များအား ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဦးရဲထွဋ်က““အဲဒီဒေသမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေ နဲ့ ဒီဒေသမှာ ပြဿနာဖြေရှင်းဖို့ရောက် နေတယ်ဆိုရင် ဘက်မလိုက်ဘဲ မှန် ကန်တဲ့သတင်းတွေဖြစ်အောင် လုပ် ပေးဖို့လိုတယ်။ တကယ်ကျူးလွန်တဲ့ သူရှိရင် အစိုးရကအရေးယူဖို့ အသင့် ပဲ။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ တာဝန်မဲ့စွာ ရေးသားမှုတွေကို နိုင်ငံ တကာက သိအောင်ချပြ သွားမယ်”” ဟုပြော သည်။

ယင်းကဆက်လက်၍ ““တချို့ အင်န်ဂျီအိုတွေက လူနာတွေရှိ တယ် ပြောနေပေ မယ့် ပြပါဆိုတော့ကြောက် လို့ပုန်းနေသလို၊ ထွက်ပြေးသလို ပြော တယ်””ဟု ဦးရဲထွဋ်ကဆက်လက်ပြော သည်။





YMG

0 comments: