Pages

Sunday, February 9, 2014

ရခိုင်ခေါင်းဆောင်များအား လုပ်ကြံသည့်အပေါ် ပြင်းထန်စွာရှုတ်ချခြင်း

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များဖြစ်ကြသော RNDP ဥက္ကဌဒေါက်တာအေးမောင် နှင့် ALD ဥက္ကဌ ဦးအေးသာအောင်တို့ ဦးဆောင်သောရခိုင်ခေါင်းဆောင် တချို့မလေးရှားသို့ သွားရောက်စဉ် ဖေဖေါ်ဝါရီ လ (၅) ရက်နေ့တွင် ထိုခေါင်းဆောင်များအား အကြမ်းဖက်သေနတ်သမားတချို့မှ ပစ်ခတ်သတ်ဖြတ်ရန် ကြံစည်ခဲ့ ကြောင်း ကြားသိရသည့်အတွက် မိမိတို့ရခိုင်အမျိုးသမီးများအစည်းအရုံးမှ များစွာ စိတ်မကောင်း ဖြစ်ရသည့် အပြင် ယခုကဲ့သို့အကြံပက် စက်သောလုပ်ရပ်အ ပေါ်ပြင်းထန်စွာရှုတ်ချ လိုက်သည်။

မိမိတို့ ရခိုင်ခေါင်းဆောင်များသည် အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဇောင်းပေးးလုပ်ဆောင်နေကြသော ပုဂ္ဂိုလ်များဖြစ်ကြောင်း မိမိတို့မှ အခိုင် အမာယုံကြည်သည်။



မလေရှားရောက် အစွမ်းရောက် အကြမ်းဖက်သမားများသည် ရခိုင်ခေါင်းဆောင်များကို လုပ်ကြံသကဲ့သို့ လွန်ခဲ့သော ဇန်န၀ါရီ လ(၁၃)ရက်နေ့တွင်လည်း မောင်တောနယ်၌ လုံခြုံရေး တာဝန်ထမ်းဆောင် နေ ခဲ့သော ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းကိုလည်း မောင်တောဒေသရှိ အကြမ်းဖက် သမားတစ် စုမှ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။  ၂၀၁၂-ခုနှစ်နှင့်၂၀၁၃-နှစ်များတွင်လည်း ရခိုင်အမျိုးသမီးများ သတ်ဖြတ်ခံခဲ့ကြရသည်။ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ကြရသည်။ ရခိုင်ဒေသအတွင်း ထိုကဲ့သို့ နည်း မျိုးစုံ အကြမ်းဖက်လုပ်ကြံမှုများဖြစ်ပေါ်နေခြင်းများမှာ ရခိုင်ပြည်သူများအတွက် ကြီးမားသောခြိမ်းခြောက်မှု အန္တရာယ်တခုဖြစ်နေသည်။

ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် ပစ်ခတ်လုပ်ကြံခံရမှုဖြစ်စဉ်သည်လည်း ရခိုင်ပြည် ပဋိပ က္ခများနှင့် ဆက်နွယ်မှုရှိနိုင်ကြောင်းနှင့် ပြည်တွင်းပြည်ပ အစွန်းရောက်အကြမ်းဖက်သမားများ နှင့် ချိတ် ဆက်ကြံစည်မှု ရှိနိုင်ကြောင်းသုံးသပ်သည်။
 

ရခိုင်များအပေါ် ဤကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေခြင်းသည် ရခိုင်ပြည်တည်ငြိမ် အေး ချမ်းရေးကို ခြိမ်းခြောက်နေသည်သာမက မြန်မာနိုင်ငံရေးကိုလည်း ဆက်လက်ခြိမ်းခြောက်နေသည်ဟု မိမိတို့ မှသုံးသပ်သည်။
 

ရခိုင်ခေါင်းဆောင်များအပေါ် ယခုကဲ့သို့ လုပ်ကြံရန်လက်ရဲဇက်ရဲ ကြိုးပမ်းလာမှုကို ရခိုင်ပါတီများ၊ လူမှု အဖွဲ့အစည်းများနှင့် ပြည်သူတရပ်လုံးမှ အထူးသတိမူ၍ မိမိတို့ပြည်သူတရပ်လုံး၏ အသက် အိုးအိမ်ကို စနစ်တကျ ကာကွယ်စောင့်ရှောက်နိုင်ရေးကို တက်ညီလက်ညီလုပ်ဆောင်ရန် လိုအပ်နေသည်။
လက်ရှိအခြေအနေတွင် ရခိုင်များအား ပစ်မှတ်ထားတိုက်ခိုက်နေသော်လည်း နိုင်ငံတကာ၏ အမြင်မှာ ပြောင်းပြန်ဖြစ်နေမှု အပေါ်တွင်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မှန်မှန်ကန်ကန်သိမြင်လာနိုင်စေရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှုနိုင်သည့်လုပ်ဆောင်မှုများ စနစ်တကျလုပ်ဆောင်ရန် လိုအပ်နေပေသည်။ ထို့ အတူ အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံးချုပ် ငြိမ်းရေးအတွက် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ကြပါရန်လိုအပ်နေကြောင်းထုတ်ပြန်အပ်ပေသည်။

ဆက်သွယ်ရန် -
၀၉ ၂၅ ၄၀ ၆၆ ၉၃၆
ရခိုင်အမျိုးသမီးများအစည်းအရုံး
ရခိုင်ပြည်။

0 comments: